|

Postal Code ဆိုတာ ဘာလဲ?

📮 နိုင်ငံခြားပစ္စည်းပို့ဆောင်တဲ့အခါ လိုအပ်တဲ့ Postal Code ဆိုတာဘာလဲ။

📮 နိုင်ငံခြားပစ္စည်းပို့ဆောင်တဲ့အခါ အိမ်လိပ်စာအပြင် Postal Code လည်းလိုတာမို့ အဲ့ဒါက ဘာတွေလဲဆိုတာ သိချင်ကြမှာပေါ့နော်။

📮Postal Code ကို Zip Code လို့လည်းခေါ်ဆိုပါသေးတယ်။

📮Postal Code ဆိုတာ မြန်မာလို အလွယ်ဘာသာပြန်ရရင် စာတိုက်အမှတ်ပါ။ကိုယ်နေတဲ့တည်နေရာအနီးစပ်ဆုံးကိုညွှန်ပြပေးတဲ့ ဂဏန်းနံပါတ် (သို့မဟုတ်)အက္ခရာ။

သူက ပစ္စည်းပို့ဆောင်ရေးမှာ လွယ်ကူလျင်မြန်စေဖို့ အထောက်အကူပြုပါတယ်။

📮ပစ္စည်းပို့တဲ့သူက Postal Code ကို အသုံးပြုပြီး ပစ္စည်းဝေရမယ့်နေရာကို တိကျစွာ လျင်မြန်စွာ သွားလာပါတယ်။

📮Universal Postal Union က နိုင်ငံပေါင်း 160 အတွက် Postal Code တွေကို 2021 ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။

📮 ဥပမာပြောပြရမယ်ဆိုရင်

Japan (Tokyo, Akiruno) —>190-0100

Korea (Seoul, Gangbuk) —> 01237

USA (NewYork) —> 10024

UK (London) —> WC2N 5DU

UAE (Dubai) —> 0000

📮တချို့နိုင်ငံမြို့နယ်တွေအတွက်တော့ မပါ၀င်သေးတာရှိပေမယ့် နိုင်ငံတော်တော်များများ အကျုံး၀င်ပါတယ်။

📮ဒါဆိုရင် ကိုယ့်နေတဲ့နေရာရဲ့ Postal Code ကို ဘယ်လိုရှာမလဲ။

📮ကိုယ်နေတဲ့နေရာမှာရှိတဲ့အနီးစပ်ဆုံး စာတိုက်အမှတ်ကို Location ထောက်ပြီး Google ကနေ ရှာကြည့်နိုင်ပါတယ်။

📮အကူအညီလိုအပ်ခဲ့ရင် New Light Cargo ကလည်း Postal Code ရှာပေးပါတယ်။

📮ပစ္စည်းပို့ဆောင်ဖို့ မခက်ခဲစေဖို့ New Light Cargo တာ၀န်သာထားလိုက်ပါဗျ။

🕊️ New Light Cargo 🕊️

We Deliver Trust!

🏡အမှတ် ၄၉ ၊ မြေညီထပ် ၊၁၂ လမ်း ၊ အလယ်ဘလောက်၊လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့။

📱ဖုန်း 09962274130, 09776318833

Similar Posts

  • |

    Our Service

    ဘာလိုသလဲ ဘာရှာသလဲ New Light Cargo က လိုချင်တာတွေ အကုန်ဝယ်ထည့်ပေးတယ်နော်.. မင်း ဘယ်လောက် ဖြည့်ဆည်း ဖြည့်ဆည်း သူကတော့ ပြန်လာတော့မှာ မဟုတ်ပါဘူး..

  • |

    ကားဂိတ်တင်မယ်ဆိုရင် 🤔?

    နိုင်ငံခြားကို ပစ္စည်းပို့ချင်တယ်။ နယ်ကနေဆို ဘယ်လိုလုပ်ရမလဲ ? ဟုတ်ကဲ့။ နယ်က customers များက အဝေးပြေးကားနဲ့ ဂိတ်တင်ပေးရင်ရပါတယ်။ နယ်ဝေးမှ ဂိတ်တင်မယ်ဆိုရင် မန္တလာမင်းကားလိုင်းနဲ့ ဗိုလ်​အောင်​ကျော်လမ်း ဂိတ်ချ မြတ်မန္တလာထွန်းကားလိုင်းနဲ့ လမ်း ၄၀ ဂိတ်ချဆိုပြီး ပို့လို့ရပါတယ်။ အဲ့ကားလိုင်းတွေမရှိတဲ့မြို့ဆိုရင် (ရန်ကုန် အောင်ဆန်းကွင်း) ဂိတ်ချရတဲ့ ကားလိုင်းတစ်ခုခုနဲ့ တင်ပေးလို့ရပါတယ်။ ကားလိုင်းက အောင်ဆန်းကွင်းကို မရောက်ဘူးဆိုမှသာ အောင်မဂ်လာ အဝေးပြေးကားကွင်းကို တင်ပေးပါရှင့်။ နောက်ပြီးတော့.. New Light Cargo 09962274130 ဆိုပြီး အထုပ်မှာ ရေးပေးပါနော်။ Royal Expess နဲ့ New Light Cargo ရုံးအရောက်ပို့ပေးလည်းရတယ်ရှင့်။ ရုံးလိပ်စာက.. အမှတ် ၄၉ ၊ မြေညီထပ် ၊၁၂ လမ်း…

  • |

    Trackingလေး ကိုယ်တိုင်စစ်ကြည့်ကျမယ် 🤩

    ကိုယ့်ပစ္စည်းလေး ဘယ်ရောက်နေပြီလဲ? Tracking စစ်မယ်။ Transit နဲ့ ဂျပန်ကို ပစ္စည်းပို့သူများ ကိုယ့် ပစ္စည်းလေး ဘယ်ရောက်နေလဲ စိတ်ပူရခြင်းကင်းအောင် Tracking စစ်ပြီး ပစ္စည်းတည်နေရာ ကြည့်လို့ရပါတယ်။ လွယ်လွယ်လေးမို့ ကြည့်လိုက်ရအောင်။ 1) ကိုယ့်ဖုန်းနဲ့ https://www.post.japanpost.jp/index_en.html ဒီ Link ကိုနှိပ်ပါ။ 2) Track & Trace Service ကို နှိပ်ပေးပါ။ 3) Tracking no. ရိုက်ထည့်နေရာပေါ်လာပါပြီ။ (ဥပမာ – CP003543394MM) 4) Tracking no. ထည့်ပြီးပါက အနီရောင် Beginning ကို နှိပ်ပါ။ 5) ကိုယ်ပို့လိုက်​တဲ့ပစ္စည်း ဘယ်ရောက်နေပြီဆိုတာ ကြည့်လို့ရပါပြီ။ မရှင်းလင်းတာရှိရင် မေးလို့ရပါတယ်နော်။ New Light Cargo…

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်