|

မြန်ဆန်လွန်းလှတဲ့ Direct Flight ✈️

🚀 ပစ္စည်းပို့တဲ့ Direct Flight ဆိုတာ ဘာလဲ။

New Light Cargo ရဲ့ Direct Flight ဆိုတာ ရန်ကုန်မြို့ကနေ သက်ဆိုင်ရာနိုင်ငံများသို့ လေကြောင်းလိုင်းနဲ့ ပို့ဆောင်ပေးခြင်းဖြစ်ပါတယ်။

⏰ ကြာချိန်ကရော

Customs စစ်ဆေးတာ မြန်ရင် ၇ရက် အတွင်း ပစ္စည်းရောက်ပါတယ်။ ကြာရင် ဆယ်ရက်ပါ။

💰စျေးကရော ဘယ်လိုကွာလဲ။

ပို့ဆောင်ချိန်မြန်တာမို့ စျေးကလည်း Transit Flight ထက် 30% ကျော်လောက် ပိုများပါတယ်။

🥩 အသားပို့လို့ရလား။

Japan Direct Flight က အသား၊ဆိတ်သားခြောက်၊အမဲသားခြောက်၊ ကြက်အူချောင်း၊ ဝက်အူချောင်းတွေပို့လို့ရပါတယ်။ Korea Direct Flight ကတော့ အသားပို့လို့မရဘဲ အသားပို့ချင်ရင်တော့ Special Direct Flight ရှိပါတယ်။

🌱 အသား​တွေရောက်ပါမယ်လို့ အာမခံလား။

နိုင်ငံတကာပစ္စည်းပို့ဆောင်ရေးရဲ့ ချမှတ်ထား စည်းမျဥ်းစည်းကမ်းတွေအရ အသားတွေက ပို့လို့ကို မရပါဘူး။ Ready made၊ သံဘူးတွေလည်း အတူတူပါပဲ။

😎 ဒါဆို ဘာလို့ အသားပို့လို့ရတယ် ပြောလဲ။

လိုလျှင်ကြံဆနည်းလမ်းရ ဆိုသလို အသားတွေကို ငွေမှင်ရောင်အိတ်နဲ့ပိတ်၊ ရေထွက်ကုန်ဆိုပြီး တံဆိပ်ပြောင်းကပ် ပါကင်လုပ်ပြီးပို့ပေးရင် အသားတွေ ရောက်နိုင်ခြေများပါတယ်။ ဒါတွေက Customers များက လုပ်ပေးစရာမလိုဘဲ New Light Cargo က အခမဲ့ လုပ်ဆောင်တာပါ။ ကိုယ်ဆုံးရှုံးခံနိုင်တဲ့ ပမာဏလောက်သာ ပို့ဖို့ အကြံပြုပေးပါတယ်။ အသားထုပ်မှာ ပိုးပါခဲ့တယ်လို့ Customs ဘက်က စစ်ဆေးတွေရှိခဲ့ရင် သိမ်းဆည်းဖျက််ဆီးခ ဒဏ်ကြေးပေးဆောင်ရတာ ရှိနိုင်ပါတယ်။ ဖြစ်ထောင့်ဖြစ်ခဲ လူတစ်ရာမှာ တစ်ယောက်လောက်တောင် ကြုံဖို့ ခက်ပါတယ်။

💌 ပစ္စည်းပျောက်တာရှိလား။

ရန်ကုန်လေဆိပ်ကနေအထွက် သက်ဆိုင်ရာနိုင်ငံလေဆိပ်အဝင်၊ လေကြောင်းတစ်ခုတည်းသာကို အသုံးပြုတာမို့ ပစ္စည်းပျောက်တာ ဖြစ်နိုင်​​ခြေ အတော်လေးနည်းပါတယ်။ Customs မှ တင်သွင်းခွင့်မပြုဘူးလို့ မှတ်ယူ သိမ်းဆည်းသွားတဲ့ ပစ္စည်းများက လွဲ​ပြီး ကျန်တဲ့ ပစ္စည်းအကုန်ရောက်ပါတယ်။

💢 Customs သိမ်းဆည်းသွားရင်ရော ပြန်ရလား။

မြန်မာဘက်က Customs စစ်လို့ သိမ်းဆည်းသွားတဲ့ ပစ္စည်းတွေဆိုရင် ပြန်ရပါတယ်။ သက်ဆိုင်ရာ လက်ခံနိုင်ငံ Customs စစ်ရလို့ အသိမ်းခံရပါကပစ္စည်းပြန်မရပါ။

❌ ဒါဆိုရင် ဘာတွေပို့မရဘူးလဲ။

လျှပ်စစ်ပစ္စည်း၊ မျိုးစေ့၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ၊ ရေမွှေး၊ အသား ၊ ကုန်စိမ်း၊ မူးယစ်​စေသောပစ္စည်း​​များနှင့် ဆေးလိပ်၊ ကွမ်းစားဆေး၊ထုံး ဒါတွေကို ပို့လို့မရပါဘူး။ အပေါ်မှာ ပြောထားတာတွေက ယေဘုယျ အနေနဲ့ အကျုံးဝင်ပြီး သက်ဆိုင်ရာနိုင်ငံအလိုက် ကွာခြားသေးတာမို့ အသေးစိတ်ကို စုံစမ်းမေးမြန်နိုင်ပါတယ်။

🟣 ပစ္စည်းအပျောက်အရှမရှိ အိမ်ချက်အစားအသောက်တွေကို မြန်မြန်ဆန်ဆန်ပို့ဆောင်နိုင်ဖို့အတွက်ဆိုရင် စိတ်ချရတဲ့ Direct Flight က အသင့်တော်ဆုံးပါ။

🕊 New Light Cargo 🕊

We deliver everywhere!

🏡 အမှတ် ၄၉ ၊ မြေညီထပ် ၊၁၂ လမ်း ၊ အလယ်ဘလောက်၊လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့။

📱ဖုန်း – 09962274130 ၊ 09776318833

Similar Posts

  • |

    Our Service

    ဘာလိုသလဲ ဘာရှာသလဲ New Light Cargo က လိုချင်တာတွေ အကုန်ဝယ်ထည့်ပေးတယ်နော်.. မင်း ဘယ်လောက် ဖြည့်ဆည်း ဖြည့်ဆည်း သူကတော့ ပြန်လာတော့မှာ မဟုတ်ပါဘူး..

  • |

    Postal Code ဆိုတာ ဘာလဲ?

    နိုင်ငံခြားပစ္စည်းပို့ဆောင်တဲ့အခါ လိုအပ်တဲ့ Postal Code ဆိုတာဘာလဲ။ နိုင်ငံခြားပစ္စည်းပို့ဆောင်တဲ့အခါ အိမ်လိပ်စာအပြင် Postal Code လည်းလိုတာမို့ အဲ့ဒါက ဘာတွေလဲဆိုတာ သိချင်ကြမှာပေါ့နော်။ Postal Code ကို Zip Code လို့လည်းခေါ်ဆိုပါသေးတယ်။ Postal Code ဆိုတာ မြန်မာလို အလွယ်ဘာသာပြန်ရရင် စာတိုက်အမှတ်ပါ။ကိုယ်နေတဲ့တည်နေရာအနီးစပ်ဆုံးကိုညွှန်ပြပေးတဲ့ ဂဏန်းနံပါတ် (သို့မဟုတ်)အက္ခရာ။ သူက ပစ္စည်းပို့ဆောင်ရေးမှာ လွယ်ကူလျင်မြန်စေဖို့ အထောက်အကူပြုပါတယ်။ ပစ္စည်းပို့တဲ့သူက Postal Code ကို အသုံးပြုပြီး ပစ္စည်းဝေရမယ့်နေရာကို တိကျစွာ လျင်မြန်စွာ သွားလာပါတယ်။ Universal Postal Union က နိုင်ငံပေါင်း 160 အတွက် Postal Code တွေကို 2021 ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။ ဥပမာပြောပြရမယ်ဆိုရင် Japan…

  • |

    Trackingလေး ကိုယ်တိုင်စစ်ကြည့်ကျမယ် 🤩

    ကိုယ့်ပစ္စည်းလေး ဘယ်ရောက်နေပြီလဲ? Tracking စစ်မယ်။ Transit နဲ့ ဂျပန်ကို ပစ္စည်းပို့သူများ ကိုယ့် ပစ္စည်းလေး ဘယ်ရောက်နေလဲ စိတ်ပူရခြင်းကင်းအောင် Tracking စစ်ပြီး ပစ္စည်းတည်နေရာ ကြည့်လို့ရပါတယ်။ လွယ်လွယ်လေးမို့ ကြည့်လိုက်ရအောင်။ 1) ကိုယ့်ဖုန်းနဲ့ https://www.post.japanpost.jp/index_en.html ဒီ Link ကိုနှိပ်ပါ။ 2) Track & Trace Service ကို နှိပ်ပေးပါ။ 3) Tracking no. ရိုက်ထည့်နေရာပေါ်လာပါပြီ။ (ဥပမာ – CP003543394MM) 4) Tracking no. ထည့်ပြီးပါက အနီရောင် Beginning ကို နှိပ်ပါ။ 5) ကိုယ်ပို့လိုက်​တဲ့ပစ္စည်း ဘယ်ရောက်နေပြီဆိုတာ ကြည့်လို့ရပါပြီ။ မရှင်းလင်းတာရှိရင် မေးလို့ရပါတယ်နော်။ New Light Cargo…

  • |

    🏮 Breaking News from New Light Cargo

    Please allow me to announce: 🏮 To make it more convenient for our Japanese shipping customers, we have officially opened our Japanese branch office. 🏮 If any issues arise during the shipping process, the Japanese office manager will take responsibility and resolve them. 🏮 For customers who frequently inquire about shipping between Japan and Myanmar,…

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်