|

Thai Transit Flight

ပစ္စည်းပို့တဲ့ Thai Transit လမ်းကြောင်း ?

New Light Cargo ရဲ့ Thai Transit လမ်းကြောင်းဆိုတာ ထိုင်းနိုင်ငံကို ကုန်းလမ်းကြောင်းနဲ့ ပစ္စည်းပို့ပြီး ထိုင်းမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လေကြောင်းလိုင်းနဲ့ ပို့ဆောင်ပေးခြင်း ဖြစ်ပါတယ်။

⏱ ကြာချိန်ကရော

ပုံမှန်ဆိုရင် မြဝတီလမ်းအခြေအနေကောင်းတဲ့အခါ နှစ်ပတ်တည်းနဲ့ သက်ဆိုင်ရာနိုင်ငံအလိုက် ပစ္စည်းရောက်ပါတယ်။

🔥 ဒါဆို ဘာလို့ အခုကြာနေတာလဲ။

မြဝတီဘက်ကိုသွားတဲ့ကားလမ်းကို

* မော်လမြိုင်- ကြာအင်း ဆိပ်ကြီး-ဘုရားသုံးဆူ

* မုဒုံ – တောင်ပေါက်- ဘုရား သုံးဆူကားလမ်း၊

* သံဖြူဇရပ် – အနန်း ကွင်-ဘုရားသုံးဆူကားလမ်း

* ရေး-ဘုရား သုံးဆူကားလမ်း

စသည်ဖြင့် အခြေအနေရ ရွေးချယ်သွားနေရ​ပါတယ်။ အခုပြောတဲ့ လမ်းတွေက မိုးတွင်းဆိုရင် လမ်းပျက်ပါတယ်။ ကားကြီးတွေသွားမရလို့ ကားသေးလေးတွေနဲ့သွားရတယ်။လမ်းတံတားရေကြီးပြီဆိုရင် ရေကြောင်းဖောင်တွေနဲ့တောင် ပစ္စည်းတွေကယ့်ပြီး သယ်ယူရပါတယ်။ ကုန်းကြောင်း၊ရေ​ကြောင်း၊လေကြောင်း သုံးကြောင်းဆုံသွားတဲ့အခါ Thai Transit လမ်းကြောင်းကအနည်းဆုံးသုံးပတ်ကြာသွားပါတယ်။ အစိုးမရတဲ့ လမ်းကြောင်းအခြေအနေရ သုံးပတ်ထက်လည်း ကြာမြှင့်နိုင်ပါတယ်။

✨ လမ်းကြောင်းရှည်တော့ ပစ္စည်းအပျောက်အရှရှိလား။

Customer များရဲ့ တန်ဖိုးထားတဲ့ပစ္စည်းတွေကို မ​ပျောက်မရှဖို့ အထူးဂရုပြုသယ်ယူပေးပါတယ်​​။ သို့ပေမယ့်လည်း သက်ဆိုင်ရာအစစ်အဆေးနဲ့ လမ်းကြောင်းတစ်ခုမှ တစ်ခုသို့အ​ပြောင်းအလဲမှာ ပစ္စ​ည်းပျောက်တာ ဖြစ်နိုင်ချေတော့ ရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့် အတော်လေးနည်းပါတယ်။

🍀 တာဝ​န်ယူမှုကရော ဘယ်လိုလဲ?

New Light Cargo ရန်ကုန်ရုံးကို Customer များရဲ့ပစ္စည်းရောက်ရင် ပစ္စည်းစာရင်းရေးပြီး ဓာတ်ပုံံနှင့်တကွ မှတ်တမ်းတင် သိမ်းဆည်းထားပါတယ်။ ထိုင်းရုံးဘက်ကိုအရောက် ပစ္စည်းပုံးချိန်းတဲ့အခါမှာလည်း ပုံပါ ပစ္စည်းများကို ထပ်မံစစ်ဆေးပေးပါတယ်။ ထိုင်းရုံးဘက်ကနေ လေကြောင်းနဲ့အထွက်ပစ္စည်းပျောက်ဖို့ အခွင့်အလမ်းမရှိသလောက်ပါ။ ကံမကောင်းအကြောင်းမလှလို့ ကုန်းလမ်းကြောင်း၊ ရေလမ်း​​ကြောင်းမှာ ပစ္စည်းပျောက်ခဲ့ရင် ပစ္စည်းတန်ဖိုးနဲ့ ကီလိုခကို New Light Cargo ဘက်က ကာလတန်ဖိုးအတိုင်း ငွေကြေး အလျော်ပေးပါတယ်။

🗨 ဒါဆို Risk များတဲ့ Thai Transit နဲ့ ဘာလို့ ပစ္စည်းပို့နေသေးလဲ ။

စျေးသက်သက်သာသာနဲ့ ခြေလေးချောင်းအသား ဝက်အူချောင်း ကြက်အူချောင်း တွေပို့လို့ရလို့ပါ။ ကွမ်းစားဆေး၊ထုံးတွေလည်း ပို့လို့ရပါတယ်။ ဒါကလည်း 100% ရောက်ပါမယ်လို့ အာမခံလို့တော့ မရပါဘူး။ Custom လွတ်အောင်ကြိုးစားပေးထားပေမယ့် Custom စစ်ဆေးလို့ မိရင်တော့ အသိမ်းခံရနိုင်ပါတယ်။

📌 မိုးကာလ Thai Transit ပို့သင့်လား ၊ မပို့သင့်ဘူးလား။

အထားခံတဲ့အစားအသောက် အသားသံ​ဗူး​၊ အဝတ်အထည်၊ စာအုပ်တွေကို စျေးသက်သက်သာနဲ့ ပို့မယ်၊ အချိန်ကြာလည်း ကိစ္စမရှိဘူးဆိုသူတွေအတွက် Thai Transit က အဆင်ပြေနိုင်ပါသေးတယ်။

💜 အချိန်မြန်တာယူမယ်၊ အသားပို့ချင်တယ်ဆိုသူတွေအတွက် Direct Flight ကို နောက် Post မှာ ရှင်းပြပေးပါ့မယ်နော်။

New Light Cargo

We deliver everywhere!

🏡 အမှတ် ၄၉ ၊ မြေညီထပ် ၊၁၂ လမ်း ၊ အလယ်ဘလောက်၊လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့။

📱ဖုန်း – 09962274130 ၊ 09776318833

Similar Posts

  • |

    Our Service

    ဘာလိုသလဲ ဘာရှာသလဲ New Light Cargo က လိုချင်တာတွေ အကုန်ဝယ်ထည့်ပေးတယ်နော်.. မင်း ဘယ်လောက် ဖြည့်ဆည်း ဖြည့်ဆည်း သူကတော့ ပြန်လာတော့မှာ မဟုတ်ပါဘူး..

  • |

    မြန်ဆန်လွန်းလှတဲ့ Direct Flight ✈️

    ပစ္စည်းပို့တဲ့ Direct Flight ဆိုတာ ဘာလဲ။ New Light Cargo ရဲ့ Direct Flight ဆိုတာ ရန်ကုန်မြို့ကနေ သက်ဆိုင်ရာနိုင်ငံများသို့ လေကြောင်းလိုင်းနဲ့ ပို့ဆောင်ပေးခြင်းဖြစ်ပါတယ်။ ကြာချိန်ကရော Customs စစ်ဆေးတာ မြန်ရင် ၇ရက် အတွင်း ပစ္စည်းရောက်ပါတယ်။ ကြာရင် ဆယ်ရက်ပါ။ စျေးကရော ဘယ်လိုကွာလဲ။ ပို့ဆောင်ချိန်မြန်တာမို့ စျေးကလည်း Transit Flight ထက် 30% ကျော်လောက် ပိုများပါတယ်။ အသားပို့လို့ရလား။ Japan Direct Flight က အသား၊ဆိတ်သားခြောက်၊အမဲသားခြောက်၊ ကြက်အူချောင်း၊ ဝက်အူချောင်းတွေပို့လို့ရပါတယ်။ Korea Direct Flight ကတော့ အသားပို့လို့မရဘဲ အသားပို့ချင်ရင်တော့ Special Direct Flight ရှိပါတယ်။ အသား​တွေရောက်ပါမယ်လို့ အာမခံလား။…

  • |

    New Light Cargo

    May 6th, is a special day for New Light Cargo. Can we say that New Light has grown into a one-year-old adult now? We have received permission to register and establish the company so that we can expand our operations. The company is named“Loyal Blossom Co., Ltd” which means “Where Truth and Goodness Blossom,” a…

  • |

    Postal Code ဆိုတာ ဘာလဲ?

    နိုင်ငံခြားပစ္စည်းပို့ဆောင်တဲ့အခါ လိုအပ်တဲ့ Postal Code ဆိုတာဘာလဲ။ နိုင်ငံခြားပစ္စည်းပို့ဆောင်တဲ့အခါ အိမ်လိပ်စာအပြင် Postal Code လည်းလိုတာမို့ အဲ့ဒါက ဘာတွေလဲဆိုတာ သိချင်ကြမှာပေါ့နော်။ Postal Code ကို Zip Code လို့လည်းခေါ်ဆိုပါသေးတယ်။ Postal Code ဆိုတာ မြန်မာလို အလွယ်ဘာသာပြန်ရရင် စာတိုက်အမှတ်ပါ။ကိုယ်နေတဲ့တည်နေရာအနီးစပ်ဆုံးကိုညွှန်ပြပေးတဲ့ ဂဏန်းနံပါတ် (သို့မဟုတ်)အက္ခရာ။ သူက ပစ္စည်းပို့ဆောင်ရေးမှာ လွယ်ကူလျင်မြန်စေဖို့ အထောက်အကူပြုပါတယ်။ ပစ္စည်းပို့တဲ့သူက Postal Code ကို အသုံးပြုပြီး ပစ္စည်းဝေရမယ့်နေရာကို တိကျစွာ လျင်မြန်စွာ သွားလာပါတယ်။ Universal Postal Union က နိုင်ငံပေါင်း 160 အတွက် Postal Code တွေကို 2021 ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။ ဥပမာပြောပြရမယ်ဆိုရင် Japan…

  • |

    New Light Cargo’s Packaging

    ပစ္စည်းပို့ချင်တာ အိမ်က ပါကင်လုပ်ပေးဖို့လို့လား။ No No No ပါကင်တွေ လုပ်ပေးဖို့ မလိုဘူးနော်​။ New Light Cargo က အိမ်ချက်အစားအသောက်တွေကို ပိုမို ကြာရှည်ခံ လတ်ဆတ်နေအောင် လေစုတ်အိတ်နဲ့ ပါကင်လုပ်ပေးပါတယ်။ ဆီတွေယိုစိမ့်မှု မရှိအောင် ပလက်စတစ်အိတ်နဲ့ သုံးထပ် ပိတ်ပေးပါတယ်။ ဝန်ဆောင်ခလည်း ပေးစရာမလိုဘူး။ မေမေတို့ အပင်ပန်းခံ ပါကင်တွေ မလုပ်ပေးနဲ့တော့နော်။ အကုန်လုံးကို New Light Cargo တာဝန်ထားလိုက်ပါ.. New Light Cargo We deliver everywhere! 🏡 အမှတ် ၄၉ ၊ မြေညီထပ် ၊၁၂ လမ်း ၊ အလယ်ဘလောက်၊လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့။ ဖုန်း – 09962274130…

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်