Our Achievement
တန်ဖိုးထားယုံကြည်မှုတို့ဖြင့် နိုင်ငံပါင်း ၂၂၀ ကျော်ကို စျေးနှုန်းသက်သာစွာ အိမ်အရောက်ပို့ဆောင်ပေးနေပါသည်။
Our Services
Door To Door Service
ပစ္စည်းလေးတွေကို နိုင်ငံခြားအိမ်အရောက်ပို့ပေးဖို့ New Light ရှိပါတယ်နော်။ အိမ်မှာပဲအေးအေးဆေးဆေး စောင့်နေလိုက်ရုံပါပဲ။
Online Shopping Parcel
မြန်မာပြည်က အစားအစာတွေကို နိုင်ငံခြားကို ပို့ချင်ပေမဲ့ ကိုယ်တိုင်ဝယ်ဖို့ အခက်အခဲရှိနေလား? New Light Cargo က ဝန်ဆောင်ခ (Service Fee) လုံးဝပေးစရာမလိုဘဲ စိတ်ကြိုက်ဝယ်ယူပြီး အိမ်အရောက် ပို့ဆောင်ပေးနေပါပြီ။
Customer Service
တစ်ခုခု သိချင်တာပဲဖြစ်ဖြစ်၊ အကူအညီလိုတာပဲဖြစ်ဖြစ် အားမနာတမ်း မေးမြန်းနိုင်ပါတယ်နော်။ အမြဲတမ်း အဆင်သင့်ရှိနေမှာပါ။
နိုင်ငံအလိုက် KG နှင့် ဈေးနှုန်းများသိရှိနိုင်ရန်ဒီမှာနှိပ်ပါ။
Our Support
Frequently Asked Questions
New Light Cargo ဆိုတာဘာလဲ ?
New Light Cargo ကို ၂၀၂၃ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ကျွမ်းကျင်ဝန်ထမ်း ၁၇ ဦးကျော်ဖြင့် Japan, Korea, USA, UK နှင့် Thai နိုင်ငံများကို အဓိကထားကာ သင့်တင့်မျှတသော စျေးနှုန်းများ၊ အိမ်အရောက် (Door to Door) စနစ်တို့ဖြင့် ဝန်ဆောင်မှုပေးနေသည့် ပြည်ပပို့ဆောင်ရေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။
ဘယ်နိုင်ငံတွေကို ပို့ဆောင်ပေးသလဲ?
New Light Cargo က ဂျပန် (Japan)၊ ကိုရီးယား (South Korea)၊ အမေရိကန် (USA)၊ ယူကေ (UK) နှင့် ထိုင်း (Thai) နိုင်ငံများကို အဓိကထား၍ အိမ်အရောက် (Door to Door) စနစ်ဖြင့် ပို့ဆောင်ပေးနေပါသည်။
ကီလိုဈေးနှုန်းများကို ဘယ်မှာကြည့်ရှုနိုင်မလဲ?
နောက်ဆုံးရ ကီလိုဈေးနှုန်းများကို Facebook Page တွင်ဖြစ်စေ သို့မဟုတ် New Light Cargo Website ရှိ သက်ဆိုင်ရာ နိုင်ငံအလိုက် စာမျက်နှာများတွင်ဖြစ်စေ အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်ပါသည်။ တိကျသော ဈေးနှုန်း ရရှိရန်အတွက်လည်း ကျွန်ုပ်တို့အဖွဲ့ထံ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ပို့ဆောင်ခ ဘယ်လိုတွက်လဲ ?
ပို့ဆောင်ခကို ကီလို (kg) အနည်းအများပေါ်
မူတည်၍ စျေးသတ်မှတ်ပါသည်။ ဈေးနှုန်းများသည် သွားမည့်နိုင်ငံနှင့် ပို့ဆောင်မည့် စနစ်ပေါ်မူတည်၍ ကွာခြားနိုင်ပါသည်။
အပိုကုန်ကျစရိတ်တွေ ရှိပါသလား
ဖော်ပြထားသော ဈေးနှုန်းများသည် အိမ်အရောက် (Door to Door) ပို့ဆောင်ခများ ဖြစ်ပါသည်။ သို့သော် ဝန်ဆောင်မှု ဧရိယာပြင်ပဖြစ်ပါက နယ်ဝေးခ (Remote Area Charges) ကျသင့်နိုင်ပြီး အကောက်ခွန်ခများကိုမူ လက်ခံသူမှ ပေးဆောင်ရမည် ဖြစ်ပါသည်။
See More
ပစ္စည်းပါကင်ထုပ်ပိုးပေးပါသလား?
New Light Cargo တွင် ပစ္စည်းများကို ပလက်စတစ်အိတ်၊ လေစုပ်စက် (Vacuum) များအသုံးပြု၍ လေလုံ၊ ဆီလုံအောင် သေသေချာချာ ပါကင်ထုပ်ပိုးပေးပါသည်။ ပစ္စည်းပါကင်ထုပ်ပိုးခအတွက် မည်သည့်ဝန်ဆောင်ခမှ ထပ်မံပေးဆောင်ရန် မလိုဘဲ အခမဲ့ (Free) ဝန်ဆောင်မှုပေးနေခြင်း ဖြစ်ပါသည်။
ပစ္စည်းပုံးဖိုး ပေးရပါသလား?
နိုင်ငံခြားသို့ ပစ္စည်းပေးပို့ရာတွင် လိုအပ်သော ပုံးခွံဖိုးများအတွက် မည်သည့်ဝန်ဆောင်ခမှ ထပ်မံပေးဆောင်ရန် မလိုပါ။ ကျွန်ုပ်တို့ဘက်မှ အခမဲ့ (Free) စီစဉ်ပေးထားခြင်း ဖြစ်သောကြောင့် လူကြီးမင်းတို့အနေဖြင့် ပို့ဆောင်ခမှအပ အခြားသော ပုံးဖိုး၊ ပါကင်ဖိုးများအတွက် စိတ်ပူရန်မလိုဘဲ ယုံကြည်စိတ်ချစွာ ပို့ဆောင်နိုင်ပါသည်။
အိမ်အရောက် ပစ္စည်းလာကောက်ပေးပါသလား?
New Light Cargo သည် လူကြီးမင်းတို့၏ အချိန်ကုန်သက်သာစေရန်အတွက် ရန်ကုန်မြို့တွင်း ၂၁ မြို့နယ်အတွင်းသို့ ၁၀ ကီလိုဂရမ် (10 kg) ပြည့်သည်နှင့် အခမဲ့ (Free Pickup) လာရောက်ကောက်ယူပေးပါသည်။ အကယ်၍ အခြားမြို့နယ်များမှဖြစ်စေ သို့မဟုတ် ၁၀ ကီလိုဂရမ် (10 kg) အောက်ဖြစ်စေ ပါဆယ်ပေးပို့လိုပါက သက်ဆိုင်ရာ ပို့ဆောင်ခ (Deli Fee) ကျသင့်နိုင်ပါသည်။
ပစ္စည်းပို့ဆောင်ခရီးစဉ် ဘယ်လောက်ကြာမြင့်တတ်သလဲ?
ကျွန်ုပ်တို့သည် လေကြောင်းပို့ဆောင်မှု (Air Cargo) စနစ်ဖြင့် ပို့ဆောင်ပေးနေပြီး သက်ဆိုင်ရာ နိုင်ငံအလိုက် ခန့်မှန်းခြေ ၅ ရက်မှ ၂ ပတ်ဝန်းကျင် အတွင်း ကြာမြင့်နိုင်ပါတယ်
ပစ္စည်းနစ်နာမှုများအတွက် တာဝန်ယူမှုရှိပါသလား?
New Light Cargo ၏ ပေါ့ဆမှုကြောင့် နစ်နာမှုများ ဖြစ်ပေါ်ခဲ့ပါက ပစ္စည်းဖိုးနှင့် ကီလိုခ (ပို့ဆောင်ခ) တို့ကို တာဝန်ယူ ဖြေရှင်းပေးပါသည်။ သို့သော် သက်ဆိုင်ရာနိုင်ငံများ၏ အကောက်ခွန် (Customs) ဆိုင်ရာ စစ်ဆေးမှုများကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုများမှလွဲ၍ ကျန်ရှိသော နစ်နာမှုများကို အလေးထား ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါသည်။
ဘယ်လိုပစ္စည်းမျိုးတွေကို ပို့ဆောင်လို့မရဘူးလဲ?
New Light Cargo အနေဖြင့် အောက်ပါ ဥပဒေအရ တားမြစ်ထားသော ပစ္စည်းများနှင့် ကန့်သတ်ထားသော ပစ္စည်းများကို ပို့ဆောင်ပေးခြင်း မပြုပါ –
- ဥပဒေအရ တားမြစ်ထားသော ပစ္စည်းများ: မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ။
- အဖိုးတန်ပစ္စည်းများ: ရွှေ၊ ငွေ နှင့် လက်ဝတ်ရတနာများ။
- အရည်နှင့် စပရေးဘူးများ: ရေမွှေးများ၊ ရနံ့သာများ နှင့် စပရေးဗူးများ။
- မူပိုင်ခွင့်ချိုးဖောက်သော ပစ္စည်းများ: တံဆိပ်အတု သို့မဟုတ် Brand အတုများ။
- အစားအသောက်များ: အသားစိမ်းများ၊ နို့ထွက်ပစ္စည်းများနှင့် ပုပ်သိုးလွယ်သော အရာများ။
- အခြားတားမြစ်ချက်များ: မီးလောင်လွယ်သော ပစ္စည်းများ၊ ချွန်ထက်သော ပစ္စည်းများ နှင့် သက်ဆိုင်ရာနိုင်ငံအလိုက် ကန့်သတ်ထားသော ပစ္စည်းများ။
ပစ္စည်းပို့ရင် ဘယ်ကို ဆက်သွယ်ရမလဲ?
လူကြီးမင်းတို့အနေဖြင့် ပစ္စည်းပေးပို့လိုပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည် –
- ဖုန်း: ၀၉၉၆၂၂၇၄၁၃၀၊ ၀၉၇၇၆၃၁၈၈၃၃
- ဆိုရှယ်မီဒီယာ: New Light Cargo Facebook Page နှင့် TikTok (@newlightcargo)
- အီးမေးလ်: support@newlightcargo.com
- ဝက်ဘ်ဆိုက်: newlightcargo.com
Meet Our Team
Thazin Phu Wai
CEO
Kyaw Thiha
Team Leader
Win Khant Aung
IT Assistant
Naw Yee Yee Hnin
Customer Service
Wax Wayne
Graphic Designer
Latest News and Blog
- All Posts
- Latest News
- Logistics Trends
- Packaging
- Social Posts
ကိုယ့်ပစ္စည်းလေး ဘယ်ရောက်နေပြီလဲ? Tracking စစ်မယ်။ Transit နဲ့ ဂျပန်ကို ပစ္စည်းပို့သူများ ကိုယ့် ပစ္စည်းလေး ဘယ်ရောက်နေလဲ စိတ်ပူရခြင်းကင်းအောင် Tracking စစ်ပြီး ပစ္စည်းတည်နေရာ ကြည့်လို့ရပါတယ်။ လွယ်လွယ်လေးမို့ ကြည့်လိုက်ရအောင်။ 1) ကိုယ့်ဖုန်းနဲ့...

ပစ္စည်းပို့တဲ့ Thai Transit လမ်းကြောင်း ? New Light Cargo ရဲ့ Thai Transit လမ်းကြောင်းဆိုတာ ထိုင်းနိုင်ငံကို ကုန်းလမ်းကြောင်းနဲ့ ပစ္စည်းပို့ပြီး ထိုင်းမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လေကြောင်းလိုင်းနဲ့ ပို့ဆောင်ပေးခြင်း...

ပစ္စည်းပို့တဲ့ Direct Flight ဆိုတာ ဘာလဲ။ New Light Cargo ရဲ့ Direct Flight ဆိုတာ ရန်ကုန်မြို့ကနေ သက်ဆိုင်ရာနိုင်ငံများသို့ လေကြောင်းလိုင်းနဲ့ ပို့ဆောင်ပေးခြင်းဖြစ်ပါတယ်။ ကြာချိန်ကရော Customs စစ်ဆေးတာ မြန်ရင်...
