Postal Code ဆိုတာ ဘာလဲ?
နိုင်ငံခြားပစ္စည်းပို့ဆောင်တဲ့အခါ လိုအပ်တဲ့ Postal Code ဆိုတာဘာလဲ။
နိုင်ငံခြားပစ္စည်းပို့ဆောင်တဲ့အခါ အိမ်လိပ်စာအပြင် Postal Code လည်းလိုတာမို့ အဲ့ဒါက ဘာတွေလဲဆိုတာ သိချင်ကြမှာပေါ့နော်။
Postal Code ကို Zip Code လို့လည်းခေါ်ဆိုပါသေးတယ်။
Postal Code ဆိုတာ မြန်မာလို အလွယ်ဘာသာပြန်ရရင် စာတိုက်အမှတ်ပါ။ကိုယ်နေတဲ့တည်နေရာအနီးစပ်ဆုံးကိုညွှန်ပြပေးတဲ့ ဂဏန်းနံပါတ် (သို့မဟုတ်)အက္ခရာ။
သူက ပစ္စည်းပို့ဆောင်ရေးမှာ လွယ်ကူလျင်မြန်စေဖို့ အထောက်အကူပြုပါတယ်။
ပစ္စည်းပို့တဲ့သူက Postal Code ကို အသုံးပြုပြီး ပစ္စည်းဝေရမယ့်နေရာကို တိကျစွာ လျင်မြန်စွာ သွားလာပါတယ်။
Universal Postal Union က နိုင်ငံပေါင်း 160 အတွက် Postal Code တွေကို 2021 ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။
ဥပမာပြောပြရမယ်ဆိုရင်
Japan (Tokyo, Akiruno) —>190-0100
Korea (Seoul, Gangbuk) —> 01237
USA (NewYork) —> 10024
UK (London) —> WC2N 5DU
UAE (Dubai) —> 0000
တချို့နိုင်ငံမြို့နယ်တွေအတွက်တော့ မပါ၀င်သေးတာရှိပေမယ့် နိုင်ငံတော်တော်များများ အကျုံး၀င်ပါတယ်။
ဒါဆိုရင် ကိုယ့်နေတဲ့နေရာရဲ့ Postal Code ကို ဘယ်လိုရှာမလဲ။
ကိုယ်နေတဲ့နေရာမှာရှိတဲ့အနီးစပ်ဆုံး စာတိုက်အမှတ်ကို Location ထောက်ပြီး Google ကနေ ရှာကြည့်နိုင်ပါတယ်။
အကူအညီလိုအပ်ခဲ့ရင် New Light Cargo ကလည်း Postal Code ရှာပေးပါတယ်။
ပစ္စည်းပို့ဆောင်ဖို့ မခက်ခဲစေဖို့ New Light Cargo တာ၀န်သာထားလိုက်ပါဗျ။
New Light Cargo ![]()
We Deliver Trust!
အမှတ် ၄၉ ၊ မြေညီထပ် ၊၁၂ လမ်း ၊ အလယ်ဘလောက်၊လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့။
ဖုန်း 09962274130, 09776318833
