|

Thai Transit Flight

ပစ္စည်းပို့တဲ့ Thai Transit လမ်းကြောင်း ?

New Light Cargo ရဲ့ Thai Transit လမ်းကြောင်းဆိုတာ ထိုင်းနိုင်ငံကို ကုန်းလမ်းကြောင်းနဲ့ ပစ္စည်းပို့ပြီး ထိုင်းမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လေကြောင်းလိုင်းနဲ့ ပို့ဆောင်ပေးခြင်း ဖြစ်ပါတယ်။

⏱ ကြာချိန်ကရော

ပုံမှန်ဆိုရင် မြဝတီလမ်းအခြေအနေကောင်းတဲ့အခါ နှစ်ပတ်တည်းနဲ့ သက်ဆိုင်ရာနိုင်ငံအလိုက် ပစ္စည်းရောက်ပါတယ်။

🔥 ဒါဆို ဘာလို့ အခုကြာနေတာလဲ။

မြဝတီဘက်ကိုသွားတဲ့ကားလမ်းကို

* မော်လမြိုင်- ကြာအင်း ဆိပ်ကြီး-ဘုရားသုံးဆူ

* မုဒုံ – တောင်ပေါက်- ဘုရား သုံးဆူကားလမ်း၊

* သံဖြူဇရပ် – အနန်း ကွင်-ဘုရားသုံးဆူကားလမ်း

* ရေး-ဘုရား သုံးဆူကားလမ်း

စသည်ဖြင့် အခြေအနေရ ရွေးချယ်သွားနေရ​ပါတယ်။ အခုပြောတဲ့ လမ်းတွေက မိုးတွင်းဆိုရင် လမ်းပျက်ပါတယ်။ ကားကြီးတွေသွားမရလို့ ကားသေးလေးတွေနဲ့သွားရတယ်။လမ်းတံတားရေကြီးပြီဆိုရင် ရေကြောင်းဖောင်တွေနဲ့တောင် ပစ္စည်းတွေကယ့်ပြီး သယ်ယူရပါတယ်။ ကုန်းကြောင်း၊ရေ​ကြောင်း၊လေကြောင်း သုံးကြောင်းဆုံသွားတဲ့အခါ Thai Transit လမ်းကြောင်းကအနည်းဆုံးသုံးပတ်ကြာသွားပါတယ်။ အစိုးမရတဲ့ လမ်းကြောင်းအခြေအနေရ သုံးပတ်ထက်လည်း ကြာမြှင့်နိုင်ပါတယ်။

✨ လမ်းကြောင်းရှည်တော့ ပစ္စည်းအပျောက်အရှရှိလား။

Customer များရဲ့ တန်ဖိုးထားတဲ့ပစ္စည်းတွေကို မ​ပျောက်မရှဖို့ အထူးဂရုပြုသယ်ယူပေးပါတယ်​​။ သို့ပေမယ့်လည်း သက်ဆိုင်ရာအစစ်အဆေးနဲ့ လမ်းကြောင်းတစ်ခုမှ တစ်ခုသို့အ​ပြောင်းအလဲမှာ ပစ္စ​ည်းပျောက်တာ ဖြစ်နိုင်ချေတော့ ရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့် အတော်လေးနည်းပါတယ်။

🍀 တာဝ​န်ယူမှုကရော ဘယ်လိုလဲ?

New Light Cargo ရန်ကုန်ရုံးကို Customer များရဲ့ပစ္စည်းရောက်ရင် ပစ္စည်းစာရင်းရေးပြီး ဓာတ်ပုံံနှင့်တကွ မှတ်တမ်းတင် သိမ်းဆည်းထားပါတယ်။ ထိုင်းရုံးဘက်ကိုအရောက် ပစ္စည်းပုံးချိန်းတဲ့အခါမှာလည်း ပုံပါ ပစ္စည်းများကို ထပ်မံစစ်ဆေးပေးပါတယ်။ ထိုင်းရုံးဘက်ကနေ လေကြောင်းနဲ့အထွက်ပစ္စည်းပျောက်ဖို့ အခွင့်အလမ်းမရှိသလောက်ပါ။ ကံမကောင်းအကြောင်းမလှလို့ ကုန်းလမ်းကြောင်း၊ ရေလမ်း​​ကြောင်းမှာ ပစ္စည်းပျောက်ခဲ့ရင် ပစ္စည်းတန်ဖိုးနဲ့ ကီလိုခကို New Light Cargo ဘက်က ကာလတန်ဖိုးအတိုင်း ငွေကြေး အလျော်ပေးပါတယ်။

🗨 ဒါဆို Risk များတဲ့ Thai Transit နဲ့ ဘာလို့ ပစ္စည်းပို့နေသေးလဲ ။

စျေးသက်သက်သာသာနဲ့ ခြေလေးချောင်းအသား ဝက်အူချောင်း ကြက်အူချောင်း တွေပို့လို့ရလို့ပါ။ ကွမ်းစားဆေး၊ထုံးတွေလည်း ပို့လို့ရပါတယ်။ ဒါကလည်း 100% ရောက်ပါမယ်လို့ အာမခံလို့တော့ မရပါဘူး။ Custom လွတ်အောင်ကြိုးစားပေးထားပေမယ့် Custom စစ်ဆေးလို့ မိရင်တော့ အသိမ်းခံရနိုင်ပါတယ်။

📌 မိုးကာလ Thai Transit ပို့သင့်လား ၊ မပို့သင့်ဘူးလား။

အထားခံတဲ့အစားအသောက် အသားသံ​ဗူး​၊ အဝတ်အထည်၊ စာအုပ်တွေကို စျေးသက်သက်သာနဲ့ ပို့မယ်၊ အချိန်ကြာလည်း ကိစ္စမရှိဘူးဆိုသူတွေအတွက် Thai Transit က အဆင်ပြေနိုင်ပါသေးတယ်။

💜 အချိန်မြန်တာယူမယ်၊ အသားပို့ချင်တယ်ဆိုသူတွေအတွက် Direct Flight ကို နောက် Post မှာ ရှင်းပြပေးပါ့မယ်နော်။

New Light Cargo

We deliver everywhere!

🏡 အမှတ် ၄၉ ၊ မြေညီထပ် ၊၁၂ လမ်း ၊ အလယ်ဘလောက်၊လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့။

📱ဖုန်း – 09962274130 ၊ 09776318833

Similar Posts

  • |

    Our Service

    ဘာလိုသလဲ ဘာရှာသလဲ New Light Cargo က လိုချင်တာတွေ အကုန်ဝယ်ထည့်ပေးတယ်နော်.. မင်း ဘယ်လောက် ဖြည့်ဆည်း ဖြည့်ဆည်း သူကတော့ ပြန်လာတော့မှာ မဟုတ်ပါဘူး..

  • |

    Trackingလေး ကိုယ်တိုင်စစ်ကြည့်ကျမယ် 🤩

    ကိုယ့်ပစ္စည်းလေး ဘယ်ရောက်နေပြီလဲ? Tracking စစ်မယ်။ Transit နဲ့ ဂျပန်ကို ပစ္စည်းပို့သူများ ကိုယ့် ပစ္စည်းလေး ဘယ်ရောက်နေလဲ စိတ်ပူရခြင်းကင်းအောင် Tracking စစ်ပြီး ပစ္စည်းတည်နေရာ ကြည့်လို့ရပါတယ်။ လွယ်လွယ်လေးမို့ ကြည့်လိုက်ရအောင်။ 1) ကိုယ့်ဖုန်းနဲ့ https://www.post.japanpost.jp/index_en.html ဒီ Link ကိုနှိပ်ပါ။ 2) Track & Trace Service ကို နှိပ်ပေးပါ။ 3) Tracking no. ရိုက်ထည့်နေရာပေါ်လာပါပြီ။ (ဥပမာ – CP003543394MM) 4) Tracking no. ထည့်ပြီးပါက အနီရောင် Beginning ကို နှိပ်ပါ။ 5) ကိုယ်ပို့လိုက်​တဲ့ပစ္စည်း ဘယ်ရောက်နေပြီဆိုတာ ကြည့်လို့ရပါပြီ။ မရှင်းလင်းတာရှိရင် မေးလို့ရပါတယ်နော်။ New Light Cargo…

  • |

    “To check the kilo prices, let’s visit the website for updates 🎉

    “To check the kilo prices, let’s visit the website for updates 🎉 It’s been a while since we’ve been asked about prices 😒 For those who prefer to check the kilo prices themselves, the New Light Cargo Website is now available. The updated prices are easily accessible in real time. 🕊️ New Light Cargo Website…

  • |

    ကားဂိတ်တင်မယ်ဆိုရင် 🤔?

    နိုင်ငံခြားကို ပစ္စည်းပို့ချင်တယ်။ နယ်ကနေဆို ဘယ်လိုလုပ်ရမလဲ ? ဟုတ်ကဲ့။ နယ်က customers များက အဝေးပြေးကားနဲ့ ဂိတ်တင်ပေးရင်ရပါတယ်။ နယ်ဝေးမှ ဂိတ်တင်မယ်ဆိုရင် မန္တလာမင်းကားလိုင်းနဲ့ ဗိုလ်​အောင်​ကျော်လမ်း ဂိတ်ချ မြတ်မန္တလာထွန်းကားလိုင်းနဲ့ လမ်း ၄၀ ဂိတ်ချဆိုပြီး ပို့လို့ရပါတယ်။ အဲ့ကားလိုင်းတွေမရှိတဲ့မြို့ဆိုရင် (ရန်ကုန် အောင်ဆန်းကွင်း) ဂိတ်ချရတဲ့ ကားလိုင်းတစ်ခုခုနဲ့ တင်ပေးလို့ရပါတယ်။ ကားလိုင်းက အောင်ဆန်းကွင်းကို မရောက်ဘူးဆိုမှသာ အောင်မဂ်လာ အဝေးပြေးကားကွင်းကို တင်ပေးပါရှင့်။ နောက်ပြီးတော့.. New Light Cargo 09962274130 ဆိုပြီး အထုပ်မှာ ရေးပေးပါနော်။ Royal Expess နဲ့ New Light Cargo ရုံးအရောက်ပို့ပေးလည်းရတယ်ရှင့်။ ရုံးလိပ်စာက.. အမှတ် ၄၉ ၊ မြေညီထပ် ၊၁၂ လမ်း…

  • |

    🏮 Breaking News from New Light Cargo

    Please allow me to announce: 🏮 To make it more convenient for our Japanese shipping customers, we have officially opened our Japanese branch office. 🏮 If any issues arise during the shipping process, the Japanese office manager will take responsibility and resolve them. 🏮 For customers who frequently inquire about shipping between Japan and Myanmar,…

Leave a Reply

Your email address will not be published. Required fields are marked *