Trackingလေး ကိုယ်တိုင်စစ်ကြည့်ကျမယ် 🤩
ကိုယ့်ပစ္စည်းလေး ဘယ်ရောက်နေပြီလဲ? Tracking စစ်မယ်။
Transit နဲ့ ဂျပန်ကို ပစ္စည်းပို့သူများ ကိုယ့် ပစ္စည်းလေး ဘယ်ရောက်နေလဲ စိတ်ပူရခြင်းကင်းအောင် Tracking စစ်ပြီး ပစ္စည်းတည်နေရာ ကြည့်လို့ရပါတယ်။
လွယ်လွယ်လေးမို့ ကြည့်လိုက်ရအောင်။
1) ကိုယ့်ဖုန်းနဲ့ https://www.post.japanpost.jp/index_en.html ဒီ Link ကိုနှိပ်ပါ။
2) Track & Trace Service ကို နှိပ်ပေးပါ။
3) Tracking no. ရိုက်ထည့်နေရာပေါ်လာပါပြီ။ (ဥပမာ – CP003543394MM)
4) Tracking no. ထည့်ပြီးပါက အနီရောင် Beginning ကို နှိပ်ပါ။
5) ကိုယ်ပို့လိုက်တဲ့ပစ္စည်း ဘယ်ရောက်နေပြီဆိုတာ ကြည့်လို့ရပါပြီ။
မရှင်းလင်းတာရှိရင် မေးလို့ရပါတယ်နော်။ New Light Cargo ဘက်ကလည်း Tracking အမြဲစစ်ပေးနေတာမို့ စိုးရိမ်စရာတော့ သိပ်မရှိဘူးနော်။

